ဂူဂူး
Sunday, October 6, 2013
Sunday, November 27, 2011
တရုတ်၊ ဘင်္ဂလားနှင့် မြန်မာ
အခြေအနေတစ်ရပ်ကို သုံးသပ်ခြင်း၊ မျက်ခြေမပြတ်စောင့်ကြည့်ခြင်း လက်ဦးမှုရယူခြင်း စသည့် သေနင်္ဂဗျူဟာများအား ကျင့်သုံးရာတွင် နိုင်ငံတော်အတွက်သော် လည်းကောင်း၊ ပြည်သူများအ တွက်သော်လည်းကောင်း၊မိသားစုအတွက်သော်လည်းကောင်း၊မိမိကိုယ်ကျိုးအတွက်ကိုသော်လည်းကောင်း၊ မည်သည့် ကဏ္ဍအတွက်ကိုမဆို မိမိတို့ ပြိုင်ဘက်အား သတိထား၍ ဆောင်ရွက်သင့်သည့်ကိစ္စများကိုမဖြစ် မနေ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် မိမိတို့၏ ရေပိုင်နက်အတွင်း သဘာဝဓါတ်ငွေ့ထုတ်ယူရန် ကိုရီးယား ကုမ္ပဏီ များဖြင့် စီစဉ်သည့်အခါ ဘင်္ဂလားသည် ၄င်းရေပြင်နယ်နိမိတ်အား ၄င်းတို့ ပိုင်ဆိုင်ကြောင်း ကုလ သမဂ္ဂအထိ အဆိုပြု တင်ပြခဲ့ပါသည်.....။ ယနေ့အချိန်အထိနှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေ အရောင် စွန်းနေပါသည်......... နိုင်ငံတော်ကို ကာကွယ်ခြင်းနှင့် မတရား ရယူခြင်း တို့အတွက် စစ်ရေးအခြေ အနေ တစ်ရပ် ပေါ်ပေါက်လာစရာ အကြောင်းများလဲရှိနေ ပါသည်။
ဘင်္ဂလားကိုအမေရိကန်နောက်ခံပြုထားသည်၊ အာရှချဉ်းကပ်လမ်းကြောင်းအရသော် လည်းကာင်း ထို့ထက်ပို၍ ဦးမော့ လာနေသောတရုတ်အားအနီးကပ်စောင့်ကြည့်ရန်နှင့်လက်ဦးမှု ရယူနိုင် ရန်ဝှက်ဖဲအဖြစ်အစ္စလာမ္မစ် နိုင်ငံများအား ထိန်းချုပ်နိုင်ရန်အတွက် လည်း ဖြစ်ကောင်း ဖြစ်ပါမည်။သို့တည်း မဟုတ် သဘောထား ပြည့်ဝမှုအား ကမ္ဘာသို့ပြသနိုင် ရန်လည်း ဖြစ်ကောင်းဖြစ်ပါမည်. အခြား အကြောင်း များလည်း ရှိနိုင်ပါသေးသည်၊ သို့သော် ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံအား အမေရိကန် ပေါင်းသင်းနေခြင်းဖြင့် စီးပွါးရေးဆိုင်ရာ အခြား အကျိုးအမြတ်မရှိ၊ အမေရိကန်အနေဖြင့် မဆက်ဆံလဲဘာမှ မဖြစ်သော နိုင်ငံဖြစ် ပါသည်။
ထိုနည်းတူစွာ မြန်မာအား တရုတ်သည် နောက်ခံပြုထားခဲ့ပါသည်။စီးပွါးရေးစီးဝင်မှုနှင့် စစ်ရေး၊ အခြား နိုင်ငံရေးနှင့်အာရှ၏ ၀င်ပေါက်အား ပိတ်ဆို့ ထားနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ရှေးနှစ်ပေါင်း များစွာကပင်... တရုတ် အတွက် မြန်မာနိုင်ငံသည် ပင်မ အသက်သွေးကြောဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရေရှည် စီမံကိန်းအပါအ၀င် စီးပွါးရေးရင်းနှီးမြှုပ်နှံမှုအားလုံးသည် တရုတ်နှင့် မလွတ် ကင်းပါ. ...... ယနေ့ထက်တိုင် ဖြစ်ပါသည်။
လွန်ခဲ့သော ရက်များတွင် တရုတ်၏ (၉၀)ရာနှုန်း စီမံကိန်း ( တစ်နည်းအားဖြင့် မြစ်ဆုံစီမံကိန်း ) အား နိုင်ငံတော်မှ ပြန်လည်ဆွေးနွေးရန် အကြောင်းပြချက်ဖြင့် ရပ်နားခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်......... အမေရိကန်၏ ဧည့်သည်အချို့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပါသည်။ အဆင့်မြင့်အရာရှိများ၊ အစိုးရအဖွဲ့ဝင်များ အထိလာရောက် လည်ပတ် ပါဦးမည်...... အစိုးရသစ် လက်ထက်တွင် ကွန်မြူနစ်ဆန်သော၊ အာဏာရှင်ဆန်သောအပြု အမူများအား လျော့ချခဲ့ပါသည်။ လူသား အချင်းချင်း လေးစားခြင်း၊ ပြည်သူများ၏ အသံအား နားထောင်၍ ဆောင်ရွက် သင့်သည်များဆောင်ရွက်လာပြီ ဖြစ်ပါသည်။ အမေရိကန်နှင့် လည်း တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုများအတွက် လည်းသဘောတူထားပြီး ဖြစ်ပါသည်။ ဆိုလိုသည်မှာ အစိုးရအနေဖြင့် ကိုယ့်နိုင်ငံ သားများအား ကိုယ်ပြန်လည်ရရှိလာ ပြီး နိုင်ငံတကာဆက်ဆံရေးလဲ မြင့်တက်လာပြီ ဖြစ်ပါသည်။ တရုတ်၏ အငွေ့အသက်များ ပျက်ပျယ် စပြုလာပြီးထိန်းချုပ် မှု လွတ်ကင်းလာမည်ဖြစ်ပါသည်။
အားလုံးမသိသော အကြောင်းတစ်ရပ်အား တင်ပြပါမည်....... မြန်မာနှင့် အကျိုးတူ(အစွန်းလေး) မျှ ပေးလာသော တရုတ်သည် ခေတ်နှင့်လျော်ညီသော အမြင် ခေတ်မီသောအတွေးအခေါ်ပေါ်ပေါက်လာသော မြန်မာ အတွက် မရှုစိမ့်သည်လား... ၀င်ရောက်ကာကွယ်ရန်လား၊ ပျက်ကြွေစေခြင်းလား မသိသော ကိစ္စရပ်များအားဆောင် ရွက်လာခဲ့ပါသည်။
စုံစမ်းမှုများအရ ဘင်္ဂလားဒေ့ရှ်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်တွင် တရုတ်၏ ခေတ်မှီ တာတိုပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်ရှိနေခြင်းဖြစ်ပါသည်။ အောက်ပုံများကို ကြည့်ပါ........
မည်သည့်အချိန်တွင် ဝယ်ယူထားပြီး မည်သို့ ဖွဲ့စည်းတပ်ချထားသည်ကို မသိရသေးသော်လည်း စမ်းသပ်နေသောနေရာ မှာ မြန်မာနိုင်ငံနှင့် သိပ်မဝေးသော စစ်တကောင်းနယ်ခဲမှ စခန်းတစ်ခုတွင်ဖြစ်ပါသည်။
၂၀၀၈-၀၉ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက်ဖြစ်စဉ် ဖြစ်ပြီးနောက် ဤသို့ ခေတ်မှီလေကြောင်း ရန် ကာကွယ်ရေးစနစ် များအား မြန်မာနှင့်မဝေးသော ဒေသများတွင် တပ်ချ ထားပြီး မြန်မာ့လေတပ်၏ ဝေဟင် စိုးမိုး မှုကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွှယ် ပါသည်..။ ၁၉၇၉ - ၈၀ ဝန်းကျင် ကတည်းက ထုတ်လုပ်မှု စတင် ခဲ့သော်လည်း ကာလအတန်ကြာမှ တရုပ်စစ်တပ်တွင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်.။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အားထားရဆုံး စနစ် လည်းဖြစ်နိုင် ပါသည်..။ ဘင်္ဂလားဒေ့ရှ်တွင် မြေပြင်အခြေဆိုက်ဒုံးစနစ် ရှိလာ ခဲ့ရင်လည်း မဆန်းပါ....။ ၄င်းတို့၏ တို့ရေတပ် ဖရီးဂိတ်တစ်စင်းပေါ်တွင်လည်း အက်ဖ်အမ်-၈၀ ရေတပ်သုံး လေကြောင်းရန် ကာကွယ်ရေး စနစ် ဒုံး၈စင်းပါ စနစ်ကို တပ်ဆင်ထားခဲ့ကြပြီးဖြစ်ကြောင်း သိရှိရပါသည်။
မြေပြင် အခြေစိုက်ယာဉ်ပေါ်တွင် ဒုံး၎စင်းသာ တပ်ဆင်နိုင်ပါသည်..။ နောက်ပိုင်း တွေ့ရှိရသော အချက်အလက်များ အရလေကြောင်းရန်ကာကွယ်ရေးအက်ဖ်အမ်၉၀စနစ်များကိုလည်းသုံးစွဲနေကြောင်းသိရှိရပါသည်။ မြေပြင် တပ် အထောက်အ ကူပေး လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် စစ်လက်နက်များအား ထုတ်ဖော်ပြသခြင်းဖြင့် ဘင်္ဂလားဒေ့ရှ် တို့၏ စိတ်ဓါတ်စစ်ဆင်ရေး တစ်ရပ်လည်း ဆောင်ရွက်လာနိုင်ပါသည်။
HQ-၇ ၏ အချက်အလက်တချို့
တာဝေးပစ်ခတ်နိုင်မှု........၅၀၀-၈၆၀၀ မီတာ (hq-၇၊အက်ဖ်အမ်-၈၀)၊၇၀၀-၁၅,၀၀၀ မီတာ( အက်ဖ်အမ်-၉၀)
အမြန်နှုန်း..... ၂.၃ဆ (အသံထက်) (၇၅၀မီတာ၊၁စက္ကန့်)
ရေဒါ၏ ခြေရာခံနိုင်စွမ်း....၁၇-၁၈.၄ ကီလိုမီတာ (အက်ဖ်အမ်-၈၀)၊၂၀-၂၅ ကီလိုမီတာ (အပ်ဖ်အေ-၉၀)
အက်ဖ်အမ်-၈၀ လေကြောင်းရန်ကာကွယ်ရေးစနစ်

အက်ဖ်-၉၀ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးပစ်ယာဉ်

အက်ဖ်အမ်-၉၀ ထောက်လှမ်းရေးရေဒါယာဉ်

နောက်ဆက်တွဲ သတင်းတစ်ပုဒ်အရ ဘင်္ဂလားဒေ့်စစ်တပ်ဟာ ကမ်းထိုးစစ်ဆင်ရေး၊ကမ်းတက်စစ်ဆင်ရေး
တာဝေးပစ်ခတ်နိုင်မှု........၅၀၀-၈၆၀၀ မီတာ (hq-၇၊အက်ဖ်အမ်-၈၀)၊၇၀၀-၁၅,၀၀၀ မီတာ( အက်ဖ်အမ်-၉၀)
အမြန်နှုန်း..... ၂.၃ဆ (အသံထက်) (၇၅၀မီတာ၊၁စက္ကန့်)
ရေဒါ၏ ခြေရာခံနိုင်စွမ်း....၁၇-၁၈.၄ ကီလိုမီတာ (အက်ဖ်အမ်-၈၀)၊၂၀-၂၅ ကီလိုမီတာ (အပ်ဖ်အေ-၉၀)
အက်ဖ်အမ်-၈၀ လေကြောင်းရန်ကာကွယ်ရေးစနစ်

အက်ဖ်-၉၀ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးပစ်ယာဉ်

အက်ဖ်အမ်-၉၀ ထောက်လှမ်းရေးရေဒါယာဉ်

နောက်ဆက်တွဲ သတင်းတစ်ပုဒ်အရ ဘင်္ဂလားဒေ့်စစ်တပ်ဟာ ကမ်းထိုးစစ်ဆင်ရေး၊ကမ်းတက်စစ်ဆင်ရေး
စစ်ရေးလေ့ကျင့်ခန်းကြီးတွေ လုပ်ဆောင်နေကြကြောင်း ..။
ဘာဘဲဖြစ်ဖြစ် တရုတ်သည် ဘင်္ဂလားကို စစ်လက်နက်များ မရောင်းသင့်ပါ....... စစ်ဖြစ်နိုင်သောနိုင်ငံ
လည်း မဟုတ်ပါ...... ငတ်ပြတ်နေသော တိုင်းပြည်ဖြစ်ပါသည်..... နီးစပ်ရာ
အိန္ဒိယကိုလည်း အန္တရာယ် မပေးနိုင်ပါ... အာဖဂန်နစ္စတန်သည်လည်း
ကန္တာရနိုင်ငံ၊ ပါကစ္စတန်သည်လည်း ခေတ်မီသောနိုင်ငံဖြစ်ပြီး
ဘင်္ဂလားဒေ့ရှ်အတွက် အထင်သေးစရာ(သို့) ပြိုင်ဘက်အဖြစ် ရွေးချယ်လျင်
အမေရိကန်နှင့် အဆင်မပြေသော မြန်မာနိုင်ငံသာ ရှိပါသည်။ အ
မေရိကန်အားကိုးဖြင့် မိုက်ကြေးခွဲနိုင်ပါသည်....... တကယ်တမ်းတွင်
ဘင်္ဂလားဒေ့ရှ်တွင် အမေရိကန်စစ်လက်နက် များ မရှိပါ........ စစ်သင်္ဘောတစ်စီးမှ
လွဲ၍....... သို့သော် မြန်မာ၏ မိတ်ဘက်ဖြစ်သော တရုတ်၏ သမရိုးကျစစ်ပွဲသုံး
လက်နက်များတော့ဖြင့် ရှိနေကြောင်း ကျွန်တော်တို့ တွေ့ရှိခဲ့ရပါသည်။
ဤသို့ အဆင်မပြေဖြစ်နေသော နိုင်ငံတွင် တရုတ်လက်နက်များ တွေ့ရှိခြင်းသည်....... ဤသို့လော... ထိုသို့လော........ ထို့ထက် ပိုသလော........... ဆိုသည်ကို....
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အနေဖြင့် ကျွန်တော်တို့ နိုင်ငံကို ရသည့်နည်းဖြင့် ကာကွယ်စောင့်ရှောက် သွား မည်ဖြစ်သည်ကို ကျွန်တော်၏ စိတ်ထားနှင့် ယှဉ်၍ ယုံကြည်ထားပါကြောင်း...........
ဤသို့ အဆင်မပြေဖြစ်နေသော နိုင်ငံတွင် တရုတ်လက်နက်များ တွေ့ရှိခြင်းသည်....... ဤသို့လော... ထိုသို့လော........ ထို့ထက် ပိုသလော........... ဆိုသည်ကို....
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အနေဖြင့် ကျွန်တော်တို့ နိုင်ငံကို ရသည့်နည်းဖြင့် ကာကွယ်စောင့်ရှောက် သွား မည်ဖြစ်သည်ကို ကျွန်တော်၏ စိတ်ထားနှင့် ယှဉ်၍ ယုံကြည်ထားပါကြောင်း...........
Myanmar Defence Weapons နှင့် ဒီမိုဝေယံ ၀က်ဆိုဒ်မှ သတင်းအား မှီငြမ်းပါသည်။
Friday, November 11, 2011
ကော့သောင်း နှစ်ကျိပ်ရှစ်ဆူ
ကော့သောင်းမြို့ရဲ့ တန်ဆောင်တိုင်ည နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံနေပုံဖြစ်ပါတယ်ခင်ဗျား...... အင်မတန်သပ္ပါယ်ပါတယ်.........
ဓါတ်ပုံရိုက်တဲ့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ။







ဓါတ်ပုံရိုက်တဲ့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ။
Subscribe to:
Posts (Atom)